vim Lesson 5.1 ,5.2 , 5.3 , 5.4 , summary

Lesson 5.1: HOW TO EXECUTE AN EXTERNAL COMMAND

** :! နောက်မှာ command ရိုက်ပြီးအသုံးပြုခြင်း။ **

၁။ : (column) ဆိုတဲ့ သုံးနေကြ command ရိုက်လိုက်လျှင် screen ရဲ့အောက်မှာ cursor နဲ့ပေါ်လာပြီး command-line command တွေကိုထည့်သွင်းလို့ရကြောင်းအချက်ပြနေတာပါ။
၂။ ! ( exclamation point ) ကိုထပ်ရိုက်မယ်ဆိုရင်တော့ shell command တွေကို အသုံးပြုလို့ရပါပြီ။
၃။ ဥပမာ အနေနဲ့ ls command ကို ! command နောက်မှာ ရိုက်လိုက်ပြီး နှိပ်လိုက်လျှင် directory ထဲရောက်နေပါက list စာရင်းကိုပြနေပါမည်။ (သို့) ls နှင့် အဆင်မပြေလျှင် :!dir သုံးကြည့် နိုင်ပါတယ်။
မှတ်ချက်။ ။ external command ကို နောက်ဆက်တွဲ argument များနှင့်တွဲသုံးနိုင်ပါတယ်။
command တွေသုံးပြီးလျှင် နှိပ်ဖို့မမေ့ပါနှင့်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lesson 5.2: MORE ON WRITING FILES

** စာသားတွေရိုက်နှိပ်ပြောင်းလည်းပြီးလျှင် :w FILENAME ဖြင့်သိမ်းဆည်းနိုင်ပါသည် ။ **

၁။ :!dir or :!ls ဖြင့် သင့်ရဲ့ directory အောက်မှာ ဘာတွေရှိလည်း ကြည့်နိုင်ပါတယ်။
၂။ ဖိုင်နာမည် မရှိသေးလည်း တခါတည်း ပေးထားလို့ရပါတယ်။ ဥပမာ TEST နာမည်သုံးကြည့်ပါမယ်။
၃။ :w TEST လို့ရိုက်ကြည့်လျှင် ရေးထားတဲ့စာတွေကို TEST ထဲသွားသိမ်းပါမည်။
၄။ ပြန်စစ်ဆေးလိုလျှင် :!dir or :!ls နှင့်ပြန်ကြည့်နိုင်ပါတယ်။
မှတ်ချက်။ ။ vim ကနေထွက်ပြီး ပြန်စစ်လျှင် vim TEST ရိုက်လိုက်ပါက သိမ်းဆည်းထားတဲ့အတိုင်း ပြန်တွေ့နိုင်ပါတယ်။
၅။ အဲဒီ့ဖိုင်ကိုဖျက်ချင်လျှင် (MS-DOS) မှာ :!del TEST
or (Unix) မှာ :!rm TEST

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lesson 5.3: SELECTING TEXT TO WRITE

** ဖိုင်ရဲ့ တစိတ်တပိုင်းကို သိမ်းဆည်းချင်လျှင် v motion သုံးပြီး :w FILENAME ဖြင့်သိမ်းခြင်း**

၁။ cursor ကိုသိမ်းချင်တဲ့လိုင်းကိုရွေ့ပါ။
၂။ v ကိုနှိပ်ပြီး cursor ကိုနောက်ဆုံးသိမ်းချင်သောလိုင်းအထိရွေးလိုက်ပါ။ စာလုံးတွေကို highlight အနေနဲ့ပြနေပါမည်။
၃။ : character ကိုနှိပ်လိုက်လျှင် screen အောက်ခြေတွင် :’ ယခုလိုပေါ်လာမည်။
၄။ သိမ်းချင်တဲ့ဖိုင်နာမည်ကို w FILENAME နဲ့ :’ နောက်တွင်သိမ်းန်ိုငသည်။ ဥပမာ။ ။ w TEST
၅။ ပြီးနောက် သိမ်းလိုက်သောဖိုင်အသစ် ရှိမရှိကို :!dir or !ls command ဖြင့်ရှာကြည့်ပါ။

မှတ်ချက်။ ။ v ဆိုတာကတော့ ရွေးချယ်တာကို မြင်ရအောင်လုပ်ပေးတာပါ။ cursor ဖြင့်လိုအပ်သောနေရာအထိ ရွေးချယ်ပြီး နောက်ဆက်တွဲ operator တခုခုနဲ့ သုံးလို့ရပါတယ်။ ဥပမာ။ ။ d operator ဖြင့် ရွေးထားတဲ့စာသားတွေကို ဖျက်နိုင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lesson 5.4: RETRIEVING AND MERGING FILES

** ဖိုင်တခုကို လက်ရှိ ရေးနေသောဖိုင်ထဲတွင် :r FILENAME ဖြင့်ထည့်သွင်းခြင်း**

၁။ cursor ကို ထပ်ဖြည့်မည့် လိုင်းအပေါ်နေရာတွင်ချပါ။
၂။ ထပ်ဖြည့်ချင်သော ဖိုင်ကို ဥပမာ။ ။TESTဆိုတဲ့ဖိုင်ကို ထပ်ထည့်မယ်ဆိုလျှင် :r TEST ဟုရိုက်လိုက်လျှင် cursor ရှိတဲ့လိုင်းရဲ့ အောက်ဖက်တွင် ထပ်ဖြည့်တဲ့စာတွေတွေ့ရပါမည်။
၃။ external command တွေနဲ့လည်းတွဲပြီးအသုံးပြုနိုင်ပါတယ်။ဥပမာ။ ။ :r !ls ရိုက်လိုက်လျှင် ls command ရိုက်လျှင်ထွက်လာမည့် list များထည့်သွင်းလိုက်သလိုဖြစ်သွားပါမည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lesson 5 SUMMARY

၁။ :! နှင့်တွဲ၍ အခြား command များနှင့်သုံးခြင်း။
ဥပမာ။ ။ (MS-DOS) (Unix)
:!dr :!ls -directory list ကိုပြခြင်း
:!del FILENAME :!rm FILENAME – ဖိုင်ကိုဖျက်ခြင်း
၂။ :w FILENAME ဖြင့် လက်ရှိဖိုင်ကို FILENAME နာမည်နဲ့သွားသိမ်းပါမည်။
၃။ v motion နှင့် :w FILENAME သုံးပြီး သိမ်းချင်တဲ့ ဖိုင်တစိတ်တပိုင်းကိုသိမ်းမည်။
၄။ :r FILENAME ဖြင့် လက်ရှိဖိုင်ထဲကို FILENAME နာမည်နှင့်ရှိသော ဖိုင်ထဲမှစာများ သွင်းပေးခြင်း။
၅။ :r !dir ဖြင့် dir command နှင့်လုပ်ဆောင်လျှင်ရလာမည့် အဖြေများ ဖိုင်ထဲမှာ သွင်းခြင်း။

Leave a Reply

Your email address will not be published. Required fields are marked *