vim Lesson 3.1 , 3.2 , 3.3 , 3.4 , Summary

Lesson 3.1: THE PUT COMMAND

** ဖျက်​ထား​ပြီး​သား text ကို cursor နောက်​တွင် p command ဖြင့်​ပြန်​ထား​ခြင်း**

၁။ ဒီ​စာ​ကြောင်း​လေး​အရင်​ရိုက်​ကြည့်​ပါ။
–> d) Can you learn too?
–> b) Violets are blue,
–> c) Intelligence is learned,
–> a) Roses are red,

၂။ အစီ​အစဉ်​မ​ကျ​တဲ့ d) b) c) a) ကို a)b)c)d) ပုံစံ​ဖြစ်​အောင်​ပြုလုပ်​ပါ​မယ်။
၃။ d) လိုင်း​ကို dd command ဖြင့် ဖြုတ်​ပါ။
၄။ cursor ကို delete လုပ်​ပြီး​သား​လိုင်း ပြန်​ထည့်​ချင်​တဲ့​နေရာ​ရဲ့ အပေါ်​လိုင်း​မှာ​ချ​ပါ။ ဥပမာ။ ။ c) လိုင်း​မှာ​ချ​ပါ။
၅။ p command ရိုက်​လိုက်​တာ​နဲ့ cursor ရှိ​တဲ့ အောက်​လိုင်း​မှာ delete လုပ်​ထား​တဲ့ လိုင်း​ပြန်ပေါ်​လာ​ပါ​တယ်။
၆။ အထက်​ပါ​အတိုင်း a)b)c)d) အစီ​အစဉ်​ကျအောင် dd နဲ့ p command ကို သုံး​သွား​ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lesson 3.2: THE REPLACE COMMAND

**character ကို r character ဖြင့် အစားထိုး​ခြင်း**

၁။ –> Whan this lime was tuoed in, some presswd some wrojg keys! ဒီ​စာ​ကြောင်း​လေး​ကို
–> When this line was typed in, some pressed some wrong keys! ဒီပုံစံဖြစ်အောင်ပြောင်းကြည့်​မယ်။
၂။ cursor ကို ပထမ​စာ​ကြောင်း​ရဲ့ မှား​နေ​တဲ့ စာလုံး​တွေ​ရှေ့​မှာ​ချ​ပြီး r နဲ့​ပြင်​မယ့်​စာလုံး​ထပ်​ပေါင်း။ ဥပမာ။ ။ Whan မှာ a ကို e ပြောင်း​မယ်​ဆို​ရင် a ရဲ့​အရှေ့​မှာ cursor ချ​ပြီး re ရိုက်​လိုက်​လျှင် a နေရာ​မှာ e ဖြစ်​သွား​မယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lesson 3.3: THE CHANGE OPERATOR

**စာလုံးရဲ့အဆုံးထိ ပြောင်း​လည်း​မှု ce command ဖြင့်​သုံး​ခြင်း**

၁။ –> This lubw has a few wptfd that mrrf changing usf the change operator.
ဒီ​စာ​ကြောင်း​မှာ မှား​နေ​တဲ့ စာလုံး​တွေ​ကို
–> This line has a feew words that need changing using the change operator.
ဒီလိုဖြစ်အောင်ပြောင်းကြည့်မယ်။
၂။ စ​ပြင်​မယ့်​စာလုံး lubw မှာ cursor ကို u ရှေ့​ကို​ရွေ့​မယ်။
၃။ ပြီး​ရင် ce command ရိုက်​ပြီး ပြင်​မယ့် စာလုံး​ထည့်​ပါ​မယ်။ဒီ​နေရာ​မှာ (line)ဖြစ်​အောင် ine ထည့်​ပါ​မယ်။
၄။ နှိပ်​ပြီး နောက်ထပ်​ပြင်​မယ့် စာလုံး​ကို​ရွေ့​ပါ​မယ်။
၅။ ce command က စာလုံး​ကို​ဖျက်​ပြီး insert mode ဖြင့်​ဆက်​လုပ်​ပါ​သည်။ ဒါ​ကြောင့် စာလုံး​တ​လုံး​ပြင်​ပြီး​လျှင် ESC နှိပ်​ပြီး နောက်​တ​လုံး​ရွေ့​ပြင်​ရ​ပါ​မည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lesson 3.4: MORE CHANGES USING c

**ပြောင်းလည်းမှု change operator ကို delete ကဲ့သို့ motion များ​သုံး​ခြင်း**

၁။ delete မှာ​လို​ပဲ change operator က​အလုပ်​လုပ်​ပါ​တယ်။
c [number] motion
၂။ motion command တွေ​က​အတူတူ​ပါ​ပဲ။ w (word) , $ (end of line).
၃။ –> The end of this line needs some help to make it like the second. ဒီ​စာ​ကို
–> The end of this line needs to be corrected using the c$ command. ဒီလိုဖြစ်အောင်ပြောင်းကြည့်ရ​အောင်။
၄။ cursor ကို​စ​ပြင်​မယ့် စာလုံး​ရှေ့​ရွေ့​ထား​ပြီး c$ command ရိုက်​လိုက်​လျှင် cursor နောက်​ပိုင်း​စာ​တွေ​ပျက်​သွား​ပြီး ထည့်​ချင်​တဲ့​စာ ထပ်​ထည့်​နိုင်​ပါ​သည်။
၅။ c$ command ဖြင့်​သုံး​ပြီး​လျှင် နှိပ်​ပေး​ရ​ပါ​မည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lesson 3 SUMMARY

၁။ delete လုပ်​ပြီး​သား​စာ​တွေ​ကို p command ဖြင့်​ပြန်​ထည့်​သွင်း​ခြင်း။
၂။ character တွေ​ကို replace ပြန်​လုပ်​ချင်​လျှင် r command ဖြင့် အသုံးပြု​ခြင်း။
၃။ change command ကို delete ကဲ့ motion များ​နှင့်​တွဲ​သုံး​ခြင်း။ဥပမာ။ ။ce , c$
၄။ format for change command
~ c [number] motion

Leave a Reply

Your email address will not be published. Required fields are marked *