vim Lesson 2.1 , 2.2 , 2.3 , 2.4

Lesson 2.1: DELETION COMMANDS

**dw commmand ဖြင့် စာလုံး​ကို​ဖျက်​ခြင်း**
၁။ နှိပ်​၍ normal mode ဖြစ်​တာ​သေချာ​ရန်စစ်။
၂။ –> There are a some words fun that don’t belong paper in this sentence. ဒီစာကြောင်းလေးရိုက်လိုက်ပါ။
၃။ cursor ကို ဖျက်​လို​သည့် စာလုံး​အရှေ့ ကို ရွေ့​ပါ။
၄။ dw command ကို​နှိပ်​ပါ​က cursor နောက်မှ​စာလုံး​ပျောက်​သွား​မည်။
၅။ စာ​ကြောင်း​လေး​ဒီ​လို​ဖြစ်​အောင်​စမ်း​ကြည့်​ပါ။
There are some words that don’t belong in this sentence.

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lesson 2.2: MORE DELETION COMMANDS

**d$ နှိပ်၍ စာ​ကြောင်း​အဆုံး​ထိ​ဖျက်​ခြင်း**

၁။ နှိပ်​၍ normal mode ဖြစ်​တာ​သေချာ​ရန်စစ်။
၂။ –> Somebody typed the end of this line twice. end of this line twice. ဒီစာကြောင်းလေးရိုက်လိုက်ပါ။
၃။ cursor ကို ပထမ ဝါ​ကျ​ရဲ့​အဆုံး​ကို​ရွေ့​ပါ။
၄။ d$ command ကို​ရိုက်​လိုက်​ပါ​က cursor နောက်​ပိုင်း​စာ​ကြောင်း​တ​ခု​လုံး​ပုဒ်မ​အထိ ဖျက်​သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lesson 2.3: ON OPERATORS AND MOTIONS

command အများစုမှာ operator နှင့် motion ဆို​ပြီး ၂​မျိုး​ဖြင့်​အလုပ်​လုပ်​ပါ​တယ်။
delete လုပ်​ဖို့​အတွက် d ကို operator လို့ခေါ်​ပြီး motion ဆို​တဲ့​နောက်​လိုက်​တွေ​ရှိ​ပါ​တယ်။
ဥပမာ။ ။ d motion

d သည် delete operator ဖြစ်​ပြီး
motion သည် operator ဘာ​ဆက်​လုပ်​မည်​ဆို​တာ​ဖြစ်​ပါ​သည်။
motions တွေ​ကတော့
w ရဲ့​အလုပ်​က ဖျက်​လို​သည့်​စာလုံး​အပြင် နောက်​စာလုံး​ရဲ့ အရှေ့​ထိ​ဖျက်​ပေး​ပါ​သည်။ dw
e ရဲ့​အလုပ်​က ဖျက်​လို​သည့်​စာလုံး​ကို​ပဲ​ဖျက်​ပေး​ပါ​သည်။ de
$ ရဲ့​အလုပ်​က စာ​ကြောင်း​တ​ခု​လုံး​ကို နောက်ဆုံး character အထိ​ဖျက်​ပေး​ပါ​သည်။ d$
ဒါ​ကြောင့် de လို့ command ရိုက်​လိုက်​ရင် cursor နေရာ​မှ စာလုံး​အဆုံး​ထိ​ဖျက်​ပေး​ပါ​သည်။
မှတ်ချက်။ ။ normal mode မှာ motion ပဲ​ရိုက်​မယ်​ဆို​ရင် ( ရှေ့က operator မ​ပါ ) cursor လေး​ပဲ​ရွေ့​ပေး​သွား​မှာ​ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lesson 2.4: USING A COUNT FOR A MOTION

** motion တွေရဲ့ရှေ့မှာ နံပါတ်​ထည့်​၍​အသုံးပြု​ခြင်း**

၁။ –> This is just a line with words you can move around in. ဒီ​စာ​ကြောင်း​လေး​ရိုက်​ကြည့်​ပါ။
၂။ 2w ကို​ရိုက်​လျှင် cursor သည် စာလုံး​၂ လုံး​စာ​ရွေ့​သည်။တတိယ စာလုံး​ရဲ့ ရှေ့​အထိ​ရွေ့​သည်။
၃။ 2e ကို​ရိုက်​လျှင် cursor သည် စာလုံး​၂ လုံး​စာ​ရွေ့​သည်။ ဒုတိယ​စာလုံး​ရဲ့ နောက်ဆုံး character အရှေ့ ထိ​ရွေ့​သည်။
၄။ 0 (zero) ရိုက်​လျှင် စာ​ကြောင်း​ရဲ့ အစ​ကို cursor ရောက်​သွား​သည်။

Leave a Reply

Your email address will not be published. Required fields are marked *