vim Lesson 1.2 , 1.3 , 1.4

Vim အကြောင်း​မ​ရေး​ခင် vim ဆို​တာ terminal ထဲ​မှာ​သုံး​တဲ့ all-purpose editor တ​ခု​ပါ။ Linux distro သုံး​သူ​များ အသုံး​များ​ဆုံး editor ဆို​ရင်​မ​မှား​ပါ​ဘူး။ သုံး​ကြည့်​တာ​ကြာ​လာ​ရင် ပို​သဘောကျ​လာ​မှာ​ပါ။ လွယ်ကူ​ပြီး​မြန်ဆန်​တာ​တွေ့​ရ​ပါ​လိမ့်​မယ်။
ဥပမာ။ ။ Terminal ထဲ​မှာ vim test ဆို​တဲ့ file တ​ခု​ရှိ​မယ် (သို့) vim test ရိုက်​တာ​နဲ့ ရှိ​ပြီး​သား​မဟုတ်​ရင် file တည်ဆောက်​သွား​ပါ​လိမ့်​မယ်။ အဲ​ဒီ့​ဖိုင်​ထဲ​မှာ english လို​ရေး​ချင်​တာ​လေး​များ အစမ်း​ရေး​ပြီး vim ကို​ကလိ​ကြည့်​ကြ​တာ​ပေါ့ 🙂 ။

Vim နဲ့​ပက်​သက်​ပြီး အသုံးပြု ပုံ​လေး​တွေ​ကို နည်း⁠နည်း​စီ​ရေး​သွား​ပါ​မယ်။
ဒီ​နေ့​တော့ vim အသုံးပြု ချိန်​မှာ cursorရွေ့​ပုံ​ပါ။
vim ထဲ​မှာ စာလုံး​တွေ​ကြား cursor ရွေ့​မယ်​ဆို​ရင် h,j,k,l ဆို​တဲ့ keys လေး​တွေ​နဲ့ ရွေ့​နိုင်​ပါ​တယ်။
h key လေး​က ဘယ်​ဘက်​ကို​ရွေ့​ချင်​ရင်​သုံး​ပါ​တယ်။ l key ကညာ​ဘက်​ရွေ့ ၊ k key က အပေါ်​ဘက်​ရွေ့ ၊ j key က အောက်​ဘက်​ရွေ့ ရာ​တွင်​သုံး​ပါ​သည်။ သင့်​အနေ​နဲ့ အသုံးပြု နေ​ရင်း တ​ခု⁠ခု​မ​သေချာ​ရင် key ကို​နှိပ်​လိုက်​ပါ။ normal mode ကို​ပြန်​ရောက်​သွား​ပါ​မယ်။ ပြီး​မှ လိုချင်​တဲ့ command ကို​ပြန်​နှိပ်​နိုင်​ပါ​သည်။ အသုံးပြု ပုံ​များ​ကို ကျွမ်းကျင်​သည်​အထိ လေ့​ကျင့်​ကြည့်​ပါ။ လက်တွေ့ လိုက်​ပါ​လုပ်ဆောင်​ကြည့်​တာ​သေချာ​ပါ​တယ်။ ဖတ်​ကြည့်​ရုံ​ဖြင့် မ​မှတ်မိ​နိုင်​ပါ။ ခေါင်းစဉ်​ငယ်​လေး​များ​ဖြင့် ခွဲ​ပြီး​ရေး​ပေး​ပါ​မည်။

Lesson 1.2: EXITING VIM

၁။ vim သုံးနေချိန် Normal mode သေချာအောင် key ကိုနှိပ်ကြည့်ပါ။
၂။ ပြီးလျှင် vim test file ကို ဖွင့်ကြည့်၍ ရိုက်ချင်တဲ့စာရိုက်ကြည့်ပါ။ key နှိပ်လိုက်ပါ။
၃။ :q! ရိုက် ပြီးရင် enter ခလုတ်နှိပ်ပါ။ ဒါဟာ vim editor ပိတ်ခြင်းနဲ့ နဂို file ကိုမပြောင်းလဲပဲ save မလုပ်ပဲ ပိတ်လိုက်သလိုပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lesson 1.3: TEXT EDITING – DELETION
** character များကို cursor ချပြီး x key ကိုနှိပ်၍ဖျက်ခြင်း**

၁။ —-> The ccow jumpedd ovverr thhe mooon. ဒီစာလေးကို vim test ထဲမှာ ရိုက်လိုက်ပါ။ပြီးရင်မလိုတဲ့ စာလုံးတွေပြန်ဖြုတ်ကြည့်ပါမယ်။
၂။ ဖြုတ်မယ့် စာလုံးပေါ်မှာ cursor လေးရောက်အောင်ချပေးပါ။
၃။ ပြီးလျှင် x key လေးကိုနှိပ်လိုက်ရုံပါပဲ။
၄။ အပေါ်က မလိုတဲ့ စာလုံးလေးတွေဖြုတ်ပြီးရင် ဒီစာကြောင်းလေးအတိုင်းရမရ စမ်းကြည့်ပါ။
The cow jumped over the moon.
မှတ်ချက်အနေနဲ့ကတော့ ဖတ်ကြည့်ရုံမဟုတ်ပဲ လက်တွေ့လိုက်စမ်းကြည့်တာ ပိုအဆင်ပြေပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lesson 1.4: TEXT EDITING – INSERTION
* i key ကိုနှိပ်၍ စာလုံးထည့်သွင်းခြင်း*

၁။ —>There is text misng this. ဒီစာကြောင်းကို
——> There is some text missing from line. ဒီလိုဖြစ်အောင်ပြောင်းကြည့်ရအောင်။
၂။ ပထမ စာကြောင်းကိုအရင်ရိုက်ပြီး key နှိပ်လိုက်ပါ။ normal mode ပြန်ပြောင်းလိုက်တာပါ။
၃။ ပြီးရင် စာလုံးထည့်သွင်းချင်တဲ့နေရာကို cursor ကိုရွေ့ပေးလိုက်ပါ။ cursor ရောက်တဲ့နေရာမှာ စာထည့်တော့မယ်ဆိုရင် i key လေးနှိပ်ပြီး လိုတဲ့စာသားထည့်သွင်းနိုင်ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *