ဒီနေ့တော့ ဒုတိယကမ္ဘာစစ်တုန်းက ဂျာမန်တွေသုံးခဲ့တဲ့ စကားဝှက်စက်သွယ်ရေး စက်တခုဖြစ်တဲ့ Enigma ကိုမိတ်ဆက်ပေးချင်ပါတယ်။ ဘာလို့မိတ်ဆက်ပေးတာလည်းဆိုရင် နောက်ပိုင်း cryptography အကြောင်းရေးတဲ့အခါ ပျော်စရာ စိတ်ဝင်စားစရာလေးဖြစ်အောင် ကိုယ့်အိမ်က ကွန်ပျူတာမှာ ကလိဖို့ လမ်းညွန်ပေးချင်လို့ပါ။ Enigma စက်ပုံစံတူကို ဟိုအရင် ၂၀၀၆ လောက်ကတည်းက web ပေါ်မှာ စမ်းခဲ့ဖူးပါတယ်။ အခုတော့ exe ဖိုင်အနေနဲ့ပါ download ဆွဲပြီး ကိုယ့်စက်ထဲ စမ်းကြည့်နိုင်ပါပြီ။အောက်ကလင့်မှာက web ပေါ်မှာ စမ်းကြည့်ဖို့ပါ။
http://russells.freeshell.org/enigma/
နောက်လင့်တခုပေးချင်တာကတော့ Windows သုံးသူအတွက်အဆင်ပြေပါတယ်။ Ubuntu သုံးသူအတွက်လည်း wine နဲ့ သုံးရင် အဆင်ပြေပါတယ်။ ကျွန်တော်စမ်းကြည့်ပြီးပါပြီ။
http://users.telenet.be/d.rijmenants/en/enigmasim.htm
တခုအားနည်းချက်ရှိတာကတော့ တခြား ဝင်းဒိုး app တွေသုံးရင် အလိုအလျောက် Desktop ပေါ်မှာ link လေးပေါ်ပါတယ်။ Install လုပ်ချိန်မှာ တခါတည်း shotcut link လုပ်မယ်ဆိုပြီး click လိုက်ရုံပါပဲ။ အခု app ကတော့ link ထွက်မလာပါဘူး။ app ကိုသုံးဖို့ exe ဖိုင်ရှိတဲ့နေရာကတော့အောက်က address အတိုင်းရှာတွေ့နိုင်ပါတယ်။
/home/username/.wine/drive_c/Program Files/ENIGMA/ENIGMA.exe
ဘယ်လိုအသုံးပြုရမလဲဆိုတာကတော့ အထက်ပါဆိုဒ်မှာ pdf ဖိုင်အနေနဲ့ ရှိပါတယ်။
Play it
Tho Hi