Uninstalled App icon remove from Unity Dash

တခါတရံ app တွေကို software center ကနေမဟုတ်ဘဲ အပြင်ကနေ စိတ်ကြိုက်သွင်းပြီး ပြန်ဖျက်လိုက်ချိန်မှာ မလိုလားအပ်ဘဲ unity dash မှာ ကျန်နေတတ်ပါတယ်။ ကိုယ်က နာမည်တခုကို dash မှာရိုက်ရှာလိုက်ချိန်မှာ မရှိတော့တဲ့ app ရဲ့ icon ကြီးကလာပေါ်နေပြီး သုံးမရပဲ အနှောက်အယှက် ဖြစ်တတ်ပါတယ်။ ဒါကို ဖျောက်လို့ရပါတယ်။ app သုံးပြီးဖျောက်လို့ရတယ်လို့ Gnome သမားတွေက ဆိုပါတယ်။ unity dash မှာလည်းရှာလို့ရပါတယ်။ Alacarte ဆိုပြီး ရှာလိုက်ရင် Main Menu ဆိုတဲ့ app တွေ့ပါလိမ့်မယ်။ နောက်တနည်းကတော့ command line နဲ့ရှာပြီး ဖိုင် တချို့ကို ဖျက်ပစ်တာမျိုးပါ။
ရှာရမယ့် နေရာတွေကို ဒီလိုရှာလို့ရပါတယ်။

cd /usr/share/applications/
(or)
cd ~/.local/share/applications/
(or)
cd /usr/share/app-install/desktop/

အဲဒီနေရာတွေမှာ *.desktop ဆိုတဲ့ အဆုံးသတ်နဲ့ ရှိနေတဲ့ ဖိုင်တွေထဲကမှ ကိုယ်ဖျက်ချင်တဲ့ ဖိုင်နာမည်ကိုရှာပြီးဖျက်လိုက်ရုံပါပဲ။ ဖျက်ချင်တယ်ဆိုရင်တော့ root permission ရှိရပါမယ်။ ဥပမာ။ ။

sudo rm wanttoremove.destop

အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
Tho Hi

Leave a Reply

Your email address will not be published. Required fields are marked *