ttyrec & ttyplayer

တခါတလေ ကိုယ့် terminal မှာ လုပ်ဆောင်ခဲ့တာတွေကို တခြားသူတွေကို ပြန်ပြချင်ရင် desktop record လိုမျိုး video နဲ့ပြရတာက အများသုံးပုံစံတခုဖြစ်နေပါတယ်။ ဒါပေမယ့် တခြားအသုံးပြုပုံတွေမပြပဲ terminal မှာပဲ လုပ်ဆောင်ပုံတွေကိုပြချင်ရင် video အနေနဲ့ share လုပ်ရတာ ဖိုင်ဆိုဒ်ကြီးတာနဲ့ အင်တာနက်လိုင်းနှေးတာနဲ့ သိပ်အဆင်မပြေပါဘူး။ ဒါကြောင့်နောက်ပိုင်း ကျွန်တော်လည်း share လုပ်ရင် tty ပုံစံလေးနဲ့ share ပါ့မယ်။ အခု app ကို terminal ကနေအရင် install လုပ်ကြည့်ပါမယ်။

$sudo apt-get install ttyrec

ဆိုပြီးသွင်းလိုက်ပါ။ သွင်းပြီးရင်တော့

$ttyrec

ဆိုပြီး terminal မှာ ရိုက်လိုက်တာနဲ့ နောက်ထပ်ရိုက်တဲ့ လုပ်ဆောင်မှုတိုင်းကို record လုပ်သွားပါတယ်။ record လုပ်တာ ရပ်ချင်ပြီဆိုရင်တော့ “exit” ဆိုတဲ့ command ကိုရိုက်လိုက်ပါ။ ပြီးတော့ဖိုင်က အလိုအလျောက် ကိုယ်ရောက်နေတဲ့ ဥပမာ။ ။

$/home/thohi/Desktop/

ဆိုရင် အဲ့ဒီနေရာမှာ ttyrecord ဆိုတဲ့ ဖိုင်လေး ရှိနေပါမယ်။ ဖိုင်လေးကိုနာမည်ပြောင်းချင်လည်းရပါတယ်။ ပြန်ဖွင့်မယ် ဆိုရင်တော့

$ttyplay FILENAME

ဆိုပြီး ဖွင့်ချင်တဲ့ ttyrecord file ကို ttyplay နဲ့ ပြန်ဖွင့်လို့ရပါပြီ။ ဖိုင်ဆိုဒ်ကလေးက တော်တော်သေးတာတွေ့ရပါလိမ့်မယ်။ တယောက်နဲ့ တယောက်ရှယ်ချင်ရင်လည်း ပေါ့ပါးပြီး ထိရောက်မှုရှိပါတယ်။ ကျွန်တော်ပြချင်တဲ့ command တွေ app installation တွေကိုလည်း ttyrec နဲ့ ဆိုပိုအဆင်ပြေမယ်ထင်ပါတယ်။ terminal emulation နဲ့တွဲကြည့်လို့ရအောင် ကြိုးစားကြည့်ပါအုန်း။ ပြန်ကြည့်တဲ့ အချိန် speed ကို နှေးခြင်းမြန်ခြင်းတွေပါပြုလုပ်နိုင်ပါတယ်။
ဥပမာ။ ။

$ttyplay ttyrecord -s2

ပြတာ၂ဆမြန်ပါတယ်။ -p ဆိုရင်တော့ တခြားသူ record လုပ်နေတာကို ကြည့်တာပါ။ ပြန်ကြည့်နေတုန်း ၂ဆပိုမြန်ချင်ရင် ‘+’ or ‘f’ , ၂ဆနှေးချင်ရင် ‘-’ or ‘s’ , ပုံမှန် ပြန်ရောက်ချင်ရင် “1″ နှိပ်လိုက်ယုံပါ။
အသေးစိတ်ထက်သိချင်ရင်တော့ အောက်ပါလင့်မှာ လေ့လာကြည့်နိုင်ပါတယ်။

http://0xcc.net/ttyrec/index.html.en

နောက်တခုဖြည့်စွက်ပြောချင်တာကတော့ ကိုယ်ပြတဲ့ terminal မှာ user@host ကို မျက်စိရှုပ်လို့ သူများကို မပြချင်ရင်တော့ ဒီcommand လေးကို ttyrec command မရိုက်ခင်ဖြစ်ဖြစ် ရိုက်ပြီးဖြစ်ဖြစ် ဒါလေးရိုက်လိုက်ပါ

$export PS1=”name_you_like $”

example: : $export PS1=”thohi $”

နောက်တကြောင်းမှာ ဒီလိုလေးပေါ်လာပါမယ်

thohi$

ကျန်တာကတော့ ကိုယ်လုပ်ချင်တဲ့ ပြချင်တဲ့ terminal showtime ပေါ့ဗျာ။

example tty file can download from here , 11 KB

http://www.mediafire.com/download/egwf4fjktyc8rts/ttyrecord

Happy with Terminal

Tho Hi

Leave a Reply

Your email address will not be published. Required fields are marked *