RPi 3 and serial

RPi 3 အသုံးပြုသူတွေ အခက်အခဲတခု ရှိနေတာက serial terminal ကို usb ကနေစမ်းမယ်ဆိုရင် တခြား Pi B တို့လို လွယ်လွယ် USB TTL Serial Cables တွေနဲ့ဆို power supply ကောင်းကောင်း မပေးနိုင်တာကြောင့် အခက်အခဲရှိပါတယ်။ နမူနာ ပုံတွင်ကြည့်နိုင်ပါတယ်။

usb ttl

အဆင်ပြေတဲ့ နည်းကတော့ USB to Serial or STC Micro controller Programmer Module လေးနဲ့တော့ အဆင်ပြေပါတယ်။ သူက volt ကို လိုအပ်တဲ့ 3.3V or 5V သုံးလို့ရပါတယ်။ နမူနာ ပုံတွင်ကြည့်နိုင်ပါတယ် ။

usb-to-serial-or-stc-microcontroller-programmer-module

network cable ကနေပြီး အသုံးပြုပုံကိုတော့ ဒီနေရာမှာ ရေးမပြတော့ပါ။ RPi ကို ssh နဲ့ ဝင်ပြီး boot အောက်က config.txt မှာ enable_uart=1 လို့ထပ်ဖြည့်ပေးရပါတယ်။

sudo nano /boot/config.txt

ဒါမှမဟုတ် RPi SD card ကို ကွန်ပျူတာမှာ တတ်ပြီး တက်လာတဲ့ ဖိုင်မှာ boot ဆိုတဲ့ ဖိုဒါထဲမှာ ဖိုင်ကိုရှာပြီး ပြင်လိုက်လဲရပါတယ်။ နောက်တမျိုးပြချင်တာကတော့ အရင် RPi images တွေမှာ သတိမထားမိတာက raspi-config ထဲမှာ serial အတွက် အသုံးပြုမလားဆိုတဲ့ function လေးပါလာတယ်။ ပုံနှင့်တကွ တဆင့်ပြပါမယ်။

sudo raspi-config

ဆိုပြီး RPi ရဲ့ terminal မှာ ရိုက်လိုက်မယ်ဆိုရင် ဒီလိုအဆင့်လိုက် ရွေးချယ်နိုင်ပါတယ်။

ter1

advanced options အထိ down arrow key နှင့် ရွေ့ပြီး enter နှိပ်ပါ။ ဒီထဲရောက်ပါမယ်။

ter2

Serial ဆိုတဲ့ လိုင်းအထိ down arrow နှင့် ရွေ့ပြီး enter နှိပ်ရင် သုံးမလား ဆိုတဲ့ အမေးလေးတွေ့နိုင်ပါတယ်။

ter3

yes ကို tab key လေးနဲ့ခုန်ပြီး enter နှိပ်ပါ။ ပြီးရင် ok နှိပ်ပါ ။

ter4

ဒါဆိုရင် serial ကနေ shell access လုပ်တာ အဆင်ပြေပါလိမ့်မယ် ။ တခြား I2C , SPI စတာတွေ Enable/Disable လုပ်ချင်ရင်လည်း ဒီပုံအတိုင်းသွားလုပ်နိုင်ပါတယ်။ တခုသတိပြုစေချင်တာကတော့ serial နဲ့ ချိတ်ဆက်မှုတွေမှာ usb ttl module က Tx နှင့် RPi က Rx , module က Rx နှင့် RPi က Tx ကို ချိတ်ဆက်ပေးရပါမယ်။ module က pin တွေမှာ စာရေးထားပါတယ်။ RPi GPIO က တော့ ပုံတွေမှာ ရှာတွေ့နိုင်ပါတယ်။ နမူနာ အနေနဲ့ အသုံးပြုရမယ့် Pin တွေကို အနီနဲ့ ဝိုင်းပြထားပါတယ် ။

pi3_gpio1

အဆင်ပြေမယ်လို့ ထင်ပါတယ် ။ RPi class တုန်းက ပစ္စည်းမစုံလိုက်တော့ RPi 3 ရှိတဲ့ သူအားလုံးမစမ်းလိုက်ရတော့ အိမ်မှာ ပြန်စမ်းနိုင်စေဖို့ ရည်ရွယ်ပါတယ်။ Pi တလုံးကို shell access လုပ်ဖို့ ကီးဘုတ် အပို network ကြိုးကြီးတွေ မဆောင်ရပဲနှင့် အလွယ်တကူ သယ်ယူ စမ်းသပ်သုံးလို့ရတဲ့ ဒီနည်းလေးက တချို့ သုံးတဲ့သူတွေကြိုက်မယ်ထင်ပါတယ် ။ usb ttl module လေးက ၁၈၀၀ကျပ် လောက်ပဲရှိပါတယ် ။ jumper ကြိုးများကတော့ တချောင်း ၁၀၀ကျပ် လောက်ရှိပါတယ်။ usb module ကနေ 5V ကို gpio 5V ၊ ground ကို gpio ground ၊ Tx ကို gpio Rx ၊ Rx ကို gpio Tx မှာ အသီးသီး ချိတ်ပေးလိုက်ရင် အဆင်ပြေပါပြီ ။
ဝင်ရောက် အသုံးပြုဖို့ကတော့ ကိုယ် Linux စက်မှာ screen ဆိုတာ သွင်းထားရင်ရပါတယ် ။ ဒီ command နှင့်ဝင်နိုင်ပါတယ် ။

screen /dev/ttyUSB0 115200

ပြီးရင်တော့ ssh ဝင်သလိုပဲ user password နဲ့ သုံးပါ။ default ကတော့ pi နှင့် raspberry ပါ။ screen ကနေ ပြန်ထွက်ဖို့က Ctrl+a ကို နှိပ်လိုက်ပြီး k ကို နှိပ်ရင် yes or no မေးပါမယ် ။ y ကိုနှိပ်လိုက်ပါ။ အဆင်မပြေတာရှိရင် မေးနိုင်ပါတယ်။

ချစ်ခြင်းများစွာဖြင့်
Tho Hi

Leave a Reply

Your email address will not be published. Required fields are marked *