mongoDB in Ubuntu 13.10

ဒီနေ့တော့ mongoDB အကြောင်းရေးဖြစ်ပါတယ်။ NoSQL သုံးတဲ့ သူတွေအတွက် mongoDB ကို Ubuntu မှာ ဘယ်လို သွင်းရမလဲရေးမှာပါ။ ကျွန်တော်အခုသုံးနေတဲ့ 13.10 version မှာ အဆင်ပြေပါတယ်။ ပုံမှန်အားဖြင့် software centre ကနေ app တွေကိုသွင်းပေမယ့် ဒီ mongoDB က software centre ထဲရှိတာနောက်ဆုံးထွက် ဗားရှင်း ဖြစ်မနေတာပါပဲ။ ဒီတော့ မူရင်းဒီလိပ်စာမှာ
http://www.mongodb.org/
မှာသွားကူးလို့ရပါတယ်။ Ubuntu အတွက်က terminal ထဲက သွင်းပုံလေးရေးပေးထားပါတယ်။ အဆင့်လိုက်ဒီလိုဆက်လုပ်ရပါမယ်။ ဆိုဒ်က 87.2MB လောက်ရှိပါမယ်။ပထမဆုံးအနေနဲ့ လုံခြုံတဲ့ ကူးယူမှုဖြစ်အောင် သူတို့ဆီက public key  ကိုကူးယူပါမယ်။

sudo apt-key adv –keyserver hkp://keyserver.ubuntu.com:80 –recv 7F0CEB10

အဲဒီလို ကီးယူလိုက်တာနဲ့ အောက်က source list ထဲအလိုအလျောက်ဝင်သွားပါတယ်။ အဲဒီနေရာကို မှတ်ထားမယ်ဆိုရင်နောက်ပိုင်း source တွေကို မသုံးချင်တဲ့အချိန် ပိတ်ထားလို့ရတယ် ပြန်ဖွင့်လို့လည်းရပါတယ်။ အဲဒါကိုတော့နောက်မှဆက်ပြောပါမယ်။ နေရာကတော့

/etc/apt/sources.list.d/mongodb.list

နောက် command တခုထပ်ရိုက်ပါမယ်။ မရိုက်ချင်လည်း ကူးပြီး terminal ထဲထည့်လို့ရပါတယ်။

echo ‘deb http://downloads-distro.mongodb.org/repo/ubuntu-upstart dist 10gen’ | sudo tee /etc/apt/sources.list.d/mongodb.list

ဒါက ဝင်မဝင်စစ်ကြည့်တာပါ။ ပြီးရင်တော့ဒီ command နဲ့ သွင်းလိုက်တဲ့ source ကိုအသက်သွင်းလိုက်သလိုပေါ့။

sudo apt-get update

ပြီးရင်တော့ app သွင်းလို့ရပါပြီ။

sudo apt-get install mongodb-10gen

အနောက်က ဗားရှင်းနံပါတ်တွေထည့်စရာမလိုပါ။ နောက်ဆုံး ဗားရှင်းကို သွင်းပေးသွားပါလိမ့်မယ်။ မူရင်းဆိုဒ်က ဗားရှင်းနံပါတ်ကို သွားထည့်လိုက်ရင် downgrade ဖြစ်သွားပါမယ်။ သွင်းပြီးသား ဗားရှင်းကို စစ်ကြည့်ချင်တယ်ဆိုရင်တော့ ဒီ command နဲ့ စစ်ကြည့်ပါ။

mongod –version

စစ်ပြီးလို့စသုံးချင်ပြီဆိုရင်တော့ သူ့ ဆားဗစ်ကို ဒီ command စဖွင့်ပေးပါ။

sudo service mongodb start

ရပ်ချင်ရင်တော့

sudo service mongodb stop

ပြန်စချင်ရင်တော့

sudo service mongodb restart

ဆားဗစ်ကို စဖွင့်ထားပြီဆိုတော့ သူ့ရဲ့  mongo shell ထဲမှာ အလုပ်စလုပ်လို့ရပါပြီ။ ဒီ command လေးနဲ့စပါတယ်။

mongo

ကျန်တဲ့ အသုံးပြုနည်းများကိုတော့  google မှာ mongoDB pdf  ဆိုပြီးရှာကြည့်တာနဲ့ အခမဲ့ စာအုပ်များစွာကို ရရှိနိုင်ပါမယ်။ service run ထားတဲ့ အချိန်မှာ browser ကနေပြီးတော့လည်း

localhost:28017

ဆိုပြီးရိုက်လိုက်ရင် command , log , overview တို့ကိုတွေ့နိုင်ပါမယ်။

Ubuntu ဖြင့်အဆင်ပြေပါစေ
Tho Hi

Leave a Reply

Your email address will not be published. Required fields are marked *