GNU social

GNU social ဆိုတာ မြန်မာပြည်က social network သုံးမယ့်သူတွေ သိပ်စိတ်ဝင်စားမယ်လို့တော့ မမျှော်လင့်ပါဘူး။ ဒါပေမယ် ရွေးချယ်စရာတခုအနေနဲ့ ရှိတဲ့အကြောင်းရေးချင်တာပါ။ GNU social တွေရဲ့ ဦးတည်ချက်ကတော့ facebook , twitter တို့လိုဟာတွေက အမေရိကန်အစိုးရနဲ့ ပူးပေါင်းထားတော့ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက် ကိုယ်ရေးကိုယ်တာတွေကို ရောင်းစားခြင်း၊ အပေးအယူကိစ္စတွေမှာ အသုံးချခြင်းတွေရှိလာတော့ Free software foundation လို GNU အဖွဲ့တွေကလုံးဝမကြိုက်ကြပါဘူး။ ဒီတော့ အစိုးရရဲ့ လွှမ်းမိုးမှု ကင်းတဲ့ လွပ်လပ်တဲ့ social network တွေဖန်တီးလာကြတာပါပဲ။ အောက်ကလင့်ကတော့ ကိုယ့် server မှာလည်း သုံးဖို့ software ပေးထားပါတယ်။ ဒါမှမဟုတ် သူတို့ လုပ်ထားတဲ့ site တွေမှာ ဝင်သုံးလည်းရပါတယ်။

http://gnu.io/try/

အဲ့ဒီနေရာမှာ site ၃ ခုတွေ့နိုင်ပါတယ်။

Load Average ကဒီလိုရေးထားပါတယ်။ site link https://loadaverage.org/

Load Average

For techies and non-techies alike

Run out of Europe (Germany)
Supports HTTPS for secure chatter
Great support for new users
နောက်တခု Quitter ကတော့ ဒီလိုရေးထားပါတယ်။ twitter နဲ့ ပုံစံလေးတော်တော်လေးတူပါတယ်။ site link https://quitter.se/ ssl warning လာပေမယ့် ပြဿနာမရှိပါဘူး 🙂

Quitter

Great for new users

Run out of Europe (Sweden)
Supports HTTPS for secure chatter
Easy to use, familiar user interface
နောက်တမျိုး vinilox ကလည်း twitter ပုံစံလေးပါပဲ။ site link https://micro.vinilox.eu/

Vinilox

Bleeding edge development

Run out of Europe
Supports HTTPS for secure chatter
The latest GNU social code!.
နောက်ဆုံးအနေနဲ့ ဒီစာတမ်းကို လင့်ပေးချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ facebook မှာက like button နှိပ်တာနဲ့ စုံထောက်ကြီးကို လက်တို့သလိုဖြစ်နေလို့ပါပဲ။

http://papers.ssrn.com/sol3/papers.cfm?abstract_id=1717563

အဲ့ဒီ့နေရာကကူးရင် sign in လုပ်နေရမှာ အလုပ်မရှုပ်ချင်ရင်တော့ ဒီကနေကူးလိုက်ပါ

https://www.mediafire.com/?6avb1vcezkx89zy

ကျွန်တော်facebook ကို မုန်းလို့ရေးတယ်မထင်စေချင်ပါ။ လေ့လာသူတွေရဲ့တွေ့ရှိချက်နဲ့ ဘယ်လိုရွေးချယ်စရာတွေရှိတယ်ဆိုတဲ့ အနေနဲ့သာ ဖော်ပြလိုခြင်းဖြစ်ပါတယ်။

Let’s Stop surveillance and censorship.

Leave a Reply

Your email address will not be published. Required fields are marked *