Channel 7 maker program

တီထွင်သူတို့ရွှေအိပ်မက်
Forever BEC-Tero နှင့် MRTV4 တို့သည် မြန်မာနိုင်ငံသို့ TV ပရိုဂရမ်အသစ် “တီထွင်သူတို့ ရွှေအိမ်မက်” ဆိုတဲ့နာမည်နဲ့ ဂုဏ်ယူစွာ မိတ်ဆက်ပေးချင်ပါတယ်။ “တီထွင်သူတို့ ရွှေအိမ်မက်” Program ဟာ ငယ်ရွယ်တဲ့အင်ဂျင်နီယာများရဲ့တီထွင်မှုနှင့်ရည်မှန်းချက်ကိုမြင့်တင်စေတယ်။
ကိုယ်ပိုင်တီထွင်ထားသောအရာများကို”တီထွင်သူတို့ရွှေအိမ်မက်”အစီအစဉ်တွင်လာရောက်ပြသနိုင်မှာဖြစ်ပါတယ်၊ ဒီပရိုဂရမ်ဟာ မြန်မာနိုင်ငံရဲ့အနယ်နယ်အရပ်ရပ်က မည်သည့် ကိုယ်ပိုင်ဖန်တီးတီထွင်မှုမျိုးကိုမဆို ဖိတ်ခေါ်ပါတယ်။ ရွေးချယ်ခံရတဲ့ တီထွင်သူတွေက သူတို့ရဲ့တီထွင်မှုကို ပြသရမှာဖြစ်ပြီး ဆုငွေ များပိုင်ဆိုင်ခွင့်ရရှိမည် ဖြစ်ပါသည်။
စည်းကမ်းချက်များ
1. တီထွင်သူဟာ အထက်တန်းကျောင်း ၊အသက်မွေးဝမ်းကျောင်း၊ တက္ကသိုလ် ၊ ကောလိပ် ကျောင်းသားများနှင့် အခြားသောအသင်းအဖွဲ့ဝင်များမှ တီထွင်ဖန်တီးထားခြင်း သို့မဟုတ် မိမိကိုယ်ပိုင်တီထွင်ထားသောမည်သည့်ပစ္စည်းမဆိုလာရောက်ပြသနိုင်ပါသည်။
2. ကိုယ်ပိုင်တီထွင်ထားသောအရာဖြစ်ရမည်။
3. လျှောက်လွှာကို တစ်ဦးချင်းသော်လည်းကောင်း အဖွဲ့လိုက်သော်လည်းကောင်း (တစ်ဖွဲ့ လျှင် လူသုံးဦးထက်မပိုရ)၀င်ရောက်ယှဉ်ပြိုင်သူတို့သည် မိမိတို့၏တီထွင်ဖန်တီးမှုများကို ကျောင်း၏ ကိုယ်စား ဒါမှမဟုတ် တစ်ဦးတစ်ယောက်ချင်း အနေဖြင့် မိမိတို့ဆန္ဒရှိသည့်အလျှောက် တင်ပြနိုင်သည်။
4. တီထွင်ပစ္စည်းများသည် ကိုယ်ပိုင်စိတ်ကူးဖြင့်တီထွင်ထားခြင်းဖြစ်ရမည်။

အရည်အသွေးကိုအကဲဖြတ်ခြင်း
1.ဆန်းသစ်တီထွင်ခြင်း
-အတွေးအခေါ်အယူအဆသစ်၏အခြေအမြစ်ကိုထုတ်ဖော်ခြင်း
-အကြံဉာဏ်သစ်များဖော်ထုတ်ခြင်း
2.လူ့အဖွဲ့အစည်းအတွက်အသုံးဝင်မှု
3.တစ်ဆင့်ထက်တစ်ဆင့်တီထွင်နိုင်ရေးအတွက်တွန်းအားများ
4.တင်ဆက်ခြင်း
-တင်ဆက်ရာတွင် ပါ၀င်ရမည့်တီထွင်ဆန်းသစ်မှုနှင့်ဖျော်ဖြေမှုတန်ဖိုးများ
-တင်ဆက်ရာတွင် ပရိသတ်နားလည်လွယ်အောင်တင်ဆက်နိုင်ခြင်း

လာရောက်ယှဉ်ပြိုင်သူတိုင်းအတွက် ဆုကြေးငွေ ငါးသောင်း ကျပ်ချီးမြှင့်သွားပါမည်။ ထို့အပြင် ၄င်း၏ idea ကိုအကဲဖြတ်များမှ နှစ်သက်ပြီး ၀ယ်ယူခဲ့လျှင်ဆုငွေ သုံးသိန်း ချီးမြှင့်သွားမှာဖြစ်ပါသည်။ မိမိတို့ Program မှ ပစ္စည်းကိုယူထားမည်မဟုတ်ပါ။
စိတ်ပါ၀င်စားသူများသည်လစဉ်၅ရက်နေ့တွင်နောက်ဆုံးထားပြီး (brainchild092@gmail.com)သို့ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်ဖုန်း-09970533384

Leave a Reply

Your email address will not be published. Required fields are marked *