၂၀၁၂ ကိုနှုတ်မဆက်ခင်

မကြာမှီ ၂၀၁၂ ကို နှုတ်ဆက်ကာ ထားခဲ့ရတော့မှာပါ။ နှစ်မကူးခင်လေးမှာ ဒီအကောင့်လေးရခဲ့တဲ့အတွက် Happy New Year လို့ စတင် နှုတ်ဆက်လိုက်ပါတယ်။ ကျနော့်ရဲ့ ဒီ page ပေါ်ကနေ ကျနော်ဖတ်ခဲ့ဖူးတဲ့စာအုပ်လေးတွေကနေ အခန်းဆက်လိုက် စာရေးပေးသွားဖို့ရှိပါတယ်။ update ဖြစ်တဲ့ app လေးတွေအကြောင်းကတော့ တခြား geek များက ရေးကြမယ်လို့ ယုံကြည့်ပါတယ် 🙂 ။ ကျနော်ကတော့ စာအုပ်တွေကိုပဲ အစအဆုံး ပြန်ရေးချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ hard copy ပုံစံမျိုးလေး လုပ်ချင်ပါတယ်။ ဒီဆိုဒ်မှာ plugin အနေနဲ့ web ကနေ pdf တခါထဲဆွဲကူးလို့ရတော့…pdf အနေနဲ့ ကူးပြီးသားတွေရှိနေနိုင်ပါတယ်။ဒါပေမယ့် စာအုပ်ကတော့ စာအုပ်ပေါ့ဗျာ 🙂 လွပ်လပ်စွာလေ့လာနိုင်ပါတယ်။ စာအုပ်တွေကို ဘာသာပြန်ရတဲ့နေရာမှာ တော်တော်ခေါင်းစားခဲ့ဖူးပါတယ်။ ကျနော်တတ်နိုင်သလောက်တော့ တနေ့ နည်းနည်းစီရေးပေးသွားပါမယ်။စာဖတ်မယ့်သူတွေအနေနဲ့ စိတ်ရှည်စွာနဲ့ ဖတ်ပေးကြပါလို့ ဒီနေရာကပဲ တောင်းဆိုပါရစေဗျာ 🙂 ဖတ်ချင်တဲ့စာအုပ်လေးများရှိခဲ့ရင်လဲ comment မှာ ရေးပြီး တောင်းဆိုနိုင်ပါတယ်။ ဒီ page ပေါ်မှာ မရေးခင် English version နဲ့ ဖတ်ချင်တယ်ဆိုရင်ပေါ့။

Leave a Reply

Your email address will not be published. Required fields are marked *